


စိတ်မမှန်တဲ့ လူပြက်ခေါင်းဆောင်ကြီးရဲ့ ကရုဏာအောက်မှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲ ပိတ်မိပြီး ရူးသွပ်လုနီးပါး ဖြစ်နေကြတဲ့ ကစားသမားတွေရဲ့ ကံကြမ္မာနဲ့ အိမ်ပြန်လမ်းကို ရှာဖွေမယ့် နောက်ဆုံးဇာတ်သိမ်းပိုင်း အန်နီမေးရှင်း ရုပ်ရှင်ကားကြီး!
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်အမြောက်အမြားနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ “The Amazing Digital Circus” အန်နီမေးရှင်းစီးရီးရဲ့ အပိုင်း ၈ နဲ့ အပိုင်း ၉ ကို ပေါင်းစပ်ပြီး Feature-length အရှည်ကြီးအဖြစ် တင်ဆက်ပေးလိုက်တဲ့ ၂၀၂၆ ခုနှစ်ထွက် “The Last Act” ကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ပွမ်နီ (Pomni) နဲ့ သူမရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ဂျက်ခ်၊ ရက်ဂါသာ၊ ဂန်းဂဲလ်တို့အဖွဲ့ဟာ စိတ်ကမောက်ကမဖြစ်နေတဲ့ ဒစ်ဂျစ်တယ်ဆပ်ကပ်ခေါင်းဆောင်ကြီး ခိန်း (Caine) ဖန်တီးထားတဲ့ လျှို့ဝှက်ဆန်းပြားလွန်းတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ တောက်လျှောက် ပိတ်မိနေခဲ့ကြတာပါ။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ရူးသွပ်မှုတွေ နီးကပ်လာတဲ့အပြင် အကယ်၍ ဒီကမ္ဘာထဲကနေ မထွက်ခွာနိုင်ရင် သူတို့အားလုံးဟာ ပျက်စီးသွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒီနောက်ဆုံးဇာတ်သိမ်းပိုင်းမှာတော့ သူတို့အဖွဲ့သားတွေဟာ ဆပ်ကပ်ပွဲကြီးရဲ့ အမှောင်ဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး ဒီဒစ်ဂျစ်တယ်ထောင်ချောက်ကြီးထဲကနေ အပြီးတိုင် လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ နောက်ဆုံးစွမ်းအားတွေကို စုစည်းပြီး စွန့်စားခန်းဖွင့်ကြပါတော့တယ်။ သူတို့အားလုံး အပြင်လောကကို ပြန်ရောက်သွားနိုင်မလား ဒါမှမဟုတ် ဒစ်ဂျစ်တယ်အရုပ်တွေအဖြစ်ပဲ အမြဲတမ်း ပျောက်ကွယ်သွားမလားဆိုတာ…။
ဆန်းသစ်ပြီး ထူးခြားဆန်းပြားတဲ့ ဒစ်ဂျစ်တယ်အမြင် Visual တွေ၊ စိတ်ကူးယဉ် ဟာသပြက်လုံးတွေနဲ့အတူ Dark Fantasy Vibe ကိုပါ ရသစုံလင်စွာ တဝကြီး ကြည့်ရှုရမယ့် လက်ရာမွန် ဇာတ်သိမ်းပိုင်းကားကောင်းကြီး ဖြစ်ပါတယ်။
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 560 MB | 10 | 2 days | MHPLUS ADMIN | |
| HD 1080p | English | 1.07 GB | 7 | 2 days | MHPLUS ADMIN | |
| SD 480p | English | 560 MB | 12 | 2 days | MHPLUS ADMIN | |
| HD 1080p | English | 1.07 GB | 11 | 2 days | MHPLUS ADMIN |