


မင်းသားကြီး ဂျက်ကီချန်း ပါဝင်တဲ့ ဇာတ်ကားဖြစ်ပြီး အနားယူသွားပြီဖြစ်တဲ့ ခြေရာခံပညာရှင် ဝါရင့်ရဲအရာရှိကြီးကို လုပ်ငန်းခွင်ပြန်ခေါ်ကာ အန္တရာယ်များလှတဲ့ ပရော်ဖက်ရှင်နယ် ဓားပြဂိုဏ်းကြီးကို ပိုက်စိပ်တိုက် ဖမ်းဆီးမယ့် ၂၀၂base ခုနှစ်ထွက် ရင်တမမ ကြည့်ရှုရမယ့် Crime, Action ရုပ်ရှင်ကားကောင်းကြီး!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
ဝေဖန်ရေးသမားတွေကြား ရေပန်းစားနေပြီး ဇာတ်ရှိန်အေးအေးနဲ့ စိတ်လှုပ်ရှားမှုအပြည့် ပေးစွမ်းမယ့် ၂၀၂၅ ခုနှစ်ထွက် Crime, Action, Thriller ရုပ်ရှင်ကားကြီး “The Shadow’s Edge” ကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ မာကောင်ရဲတပ်ဖွဲ့ (Macau Police) ဟာ မြို့တော်တစ်ခုလုံးကို ခြိမ်းခြောက်နေပြီး အလွန်အန္တရာယ်များလှတဲ့ ပရော်ဖက်ရှင်နယ် စိန်ခိုးသမားဂိုဏ်းကြီးကို ဖမ်းဆီးမရနိုင်အောင် အကြီးအကျယ် ခေါင်းခဲနေရပါတော့တယ်။ အဲဒီခိုးသမားတွေရဲ့ ခြေရာလက်ရာကို မိအောင်လိုက်နိုင်ဖို့ ရဲတပ်ဖွဲ့ဟာ နောက်ဆုံးမှာတော့ အနားယူသွားပြီဖြစ်တဲ့ ခြေရာခံအဖွဲ့ရဲ့ ထိပ်တန်းစုံထောက် အရာရှိဟောင်းကြီးကို လုပ်ငန်းခွင်ထဲ ပြန်လည်ခေါ်ယူပြီး အကူအညီတောင်းခံလိုက်ရတဲ့အခါမှာတော့…။
ဉာဏ်ကစားကြမယ့် သူခိုးနဲ့ စုံထောက်တို့ရဲ့ လိုက်တမ်းပြေးတမ်း ကစားပွဲ၊ သစ္စာဖောက်မှုတွေနဲ့ မာယာတွေကြားထဲမှာ ဘယ်သူက နောက်ဆုံးအကွက်ကို အပိုင်ချုပ်သွားမလဲဆိုတာ မင်းသားကြီးဂျက်ကီချန်းရဲ့ အလန်းစားအက်ရှင်ကွက်တွေနဲ့အတူ ရင်တမမ စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 744 MB | 39 | 1 month | MHPLUS ADMIN | |
| HD 1080p | English | 1.62 GB | 44 | 1 month | MHPLUS ADMIN | |
| SD 480p | English | 744 MB | 32 | 1 month | MHPLUS ADMIN | |
| HD 1080p | English | 1.62 GB | 32 | 1 month | MHPLUS ADMIN |