


သာမန်ဘဏ်ဌာနမှူးမျက်နှာဖုံးအောက်မှာ ဝှက်ထားတဲ့ အလိုရှိဆုံးသူလျှိုဟောင်း… သမီးလေးကို ပြန်ရှာဖို့အတွက် အရာအားလုံးကို ပုံအကုန်လောင်းမယ့် အဖေတစ်ယောက်ရဲ့ ရုန်းကန်မှု
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
Action, drama ကောင်းကောင်းလေး စောင့်နေတဲ့ ပရိသတ်တွေအတွက် မင်းသား So Ji Sub ရဲ့ ဒရမ်မာအသစ်လေး “Agent Kim Reactivated” နဲ့ မိတ်ဆက်ပေးချင်ပါတယ်..
ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ So Ji Sub, Choi Dae Hun, Yoon Kyung Ho, Joo Sang Wook နဲ့အတူ မင်းသမီး Song Na Eun တို့ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းလေးကတော့… အသေးစားဘဏ်လေးတစ်ခုမှာ ဌာနမှူးလုပ်နေပြီး သမီးလေး မင်ဂျီကို တစ်ကိုယ်တည်း ရှာဖွေကျွေးမွေးနေတဲ့ ဌာနမှူးဂင်ဆိုတာ လူအေးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ အတိတ်ကို ပြန်ကြည့်ရင်တော့ မြောက်ကိုရီးယားဘက်က အလိုအချဆုံး သူလျှိုဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပြီး တောင်ကိုရီးယားဘက်မှာလည်း ဘယ်သူမှသိလို့မရတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေပါတယ်။
အဲဒီလို ငြိမ်ငြိမ်လေး နေနေတုန်းမှာပဲ အဖိုးတန်ဆုံး သမီးလေး မင်ဂျီ ပျောက်သွားတဲ့အခါမှာတော့… ဌာနမှူးဂင်တစ်ယောက် ဘာတွေဆက်လုပ်မလဲ၊ သူ့ရဲ့ တားမြစ်ထားတဲ့ အတိတ်ဘဝကို ဘယ်လိုပြန်ထုတ်လာပြီး ဘယ်လိုတွေ တိုက်ခိုက်ရှင်းလင်းမလဲဆိုတာကို အက်ရှင်ရော ဒရမ်မာပါ ရောစပ်ပြီး ရင်ခုန်ဖို့ကောင်းအောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲကောင်းလေး ဖြစ်ပါတယ်။