


ပီရူးနိုင်ငံဆီ ပြန်သွားမယ့် ဝက်ဝံလေး ပတ်ဒီတန်နဲ့အတူ မျှော်လင့်မထားတဲ့ စွန့်စားခန်းခရီးလမ်းကြီး!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
မိသားစုနဲ့အတူ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စွန့်စားခန်း ဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အားလုံးရဲ့ အသည်းစွဲ ဝက်ဝံလေးရဲ့ ဇာတ်ကားသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်..
ဇာတ်လမ်းထဲမှာတော့ ဝက်ဝံလေး ပတ်ဒီတန်ဟာ အချစ်ရဆုံး အဒေါ်ဖြစ်သူ လူစီကို သွားရောက်တွေ့ဆုံဖို့အတွက် သူတို့ရဲ့ မွေးရပ်မြေ ပီရူးနိုင်ငံဆီကို ဘရောင်းမိသားစုနဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ အဒေါ်ဖြစ်သူ နေထိုင်ရာ အိုမင်းမစွမ်း ဝက်ဝံများစောင့်ရှောက်ရေးဂေဟာကို ရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူကို မတွေ့ရဘဲ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒီကနေတဆင့် မမျှော်လင့်ထားတဲ့ တောတွင်းစွန့်စားခန်းကြီးတစ်ခုထဲကို ရောက်ရှိသွားပြီး ဘယ်လိုတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသလေးတွေ၊ ရင်ခုန်စရာ အကွက်တွေနဲ့ အစအဆုံး ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းလေး ဖြစ်ပါတယ်။
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 489 MB | 19 | 5 days | MHPLUS ADMIN | |
| HD 1080p | English | 1.04 GB | 18 | 5 days | MHPLUS ADMIN | |
| SD 480p | English | 489 MB | 17 | 5 days | MHPLUS ADMIN | |
| HD 1080p | English | 1.04 GB | 15 | 5 days | MHPLUS ADMIN |