









စူပါဟီးရိုးပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ Marvel ရဲ့ စီးရီးအသစ်!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
VisionQuest အစမှာတော့ White Vision ဟာ သူ့ကို လက်နက်တစ်ခုလို အသုံးချချင်နေသူတွေရန်ကနေ ရှောင်ပြေးပြီး လူယောင်ဖန်ဆင်းကာ ဘားတစ်ခုမှာ အလုပ်လုပ်ရင်း ပုန်းအောင်းနေပါတယ်။ သူ့ဆီမှာ အတိတ်က မှတ်ဉာဏ်တွေ ရှိနေပေမဲ့ ခံစားချက်တွေ မရှိတော့တဲ့အတွက် သူဟာ ဘယ်သူလဲဆိုတာကို ပြန်လည်ရှာဖွေနေရပါတယ်။ ဒါကြောင့် သူ့ရဲ့ ခေါင်းထဲက စိတ်ကူးကမ္ဘာ (Mindspace) ထဲမှာရှိတဲ့ J.A.R.V.I.S., F.R.I.D.A.Y., E.D.I.T.H. နဲ့ Ultron စတဲ့ AI တွေနဲ့ စကားပြောရင်း အဖြေရှာနေပါတယ်။
ဒါပေမဲ့ သူ့ကို ဖမ်းဖို့ ဆုကြေးထုတ်ခံရပြီးနောက် Paladin ဆိုတဲ့ ဆုကြေးစားသမားက လိုက်လံဖမ်းဆီးတဲ့အခါ သူ့ရဲ့ ပုန်းအောင်းနေတဲ့ ဘဝလေး ပျက်စီးသွားပါတယ်။ အဲဒီအချိန်မှာ ခါးပိုက်နှိုက်လေး ဖြစ်နေတဲ့ အသက် ၁၈ နှစ်အရွယ် Thomas Shepherd (ခေါ်) သားဖြစ်သူ Tommy နဲ့ ဆုံတွေ့ပြီး နှစ်ယောက်သား အတူတူ ထွက်ပြေးကြပါတော့တယ်။ ပြေးရင်းလွှားရင်းနဲ့ Vision တစ်ယောက် သူ့ကိုယ်သူ ဘယ်သူလဲဆိုတာ ရှာဖွေတာတွေ၊ Ultron ရဲ့ လွှမ်းမိုးမှုတွေကို တွန်းလှန်တာတွေနဲ့ သားဖြစ်သူရဲ့ စွမ်းအားတွေ အကြောင်းကို ဖော်ထုတ်ကြတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
Vision အဖြစ် Paul Bettany နဲ့ Ultron အဖြစ် James Spader တို့က အဓိက ပြန်လည်ပါဝင်ထားပါတယ်။ Tommy အဖြစ် Ruaridh Mollica ပါဝင်ထားပြီး ဆုကြေးစားသမား Paladin အဖြစ် Todd Stashwick က သရုပ်ဆောင်ထားပါတယ်။ J.A.R.V.I.S. အဖြစ် James D’Arcy က လူကိုယ်တိုင် ပါဝင်ထားသလို တခြား AI တွေကိုလည်း လူပုံစံတွေနဲ့ ထည့်သွင်းရိုက်ကူးထားပါတယ်။
ဒီဇာတ်လမ်းတွဲဟာ Vision နဲ့ Ultron တို့ကြားက အားပြိုင်မှုတွေ၊ မိသားစု အဓိပ္ပာယ်ရှာဖွေမှုတွေနဲ့ အက်ရှင်အခန်းတွေကို သေချာလေး ပေါင်းစပ်ပေးထားတာမို့ Marvel ပရိသတ်တွေအနေနဲ့ လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်ဗျာ။ 🤖⚡🔥
Review crd