What's happening?

Video Sources 4519 Views Report Error

  • Watch traileryoutube.com
Aarambham (2024) မြန်မာစာတန်းထိုး

Aarambham (2024) မြန်မာစာတန်းထိုး

May. 10, 2024NA132 Min.G
Your rating: 0
9 1 vote

Synopsis

သေဒဏ်မကျခံရခင် ညတစ်ညမှာ… သဲလွန်စ လုံးဝမချန်ဘဲ အကျဉ်းထောင်ထဲကနေ အစပျောက် ပျောက်ဆုံးသွားခဲ့တဲ့ အကျဉ်းသား နံပါတ် ၂၉၉…

 

➪➪➪➪➪➪➪➪➪➪➪➪➪➪

 

IMDb 6.7/10 ရရှိထားပြီး ၂၀၂၄ ခုနှစ်က ထွက်ရှိထားတဲ့ စိတ္တဗေဒ၊ သိပ္ပံနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ပေါင်းစပ်ပုံဖော်ထားတဲ့ Telugu (အိန္ဒိယ) ရုပ်ရှင်ဇာတ်ကားကောင်း “Aarambham” ကို တင်ဆက်ပေးလိုက်ပါတယ်။

 

ဇာတ်လမ်းထဲမှာတော့ ကာလာဂါတီ (Kalaghati) ထောင်ကြီးရဲ့ အကျဉ်းသားနံပါတ် ၂၉၉ ဖြစ်တဲ့ မီဂွယ် (Mighel) ဟာ သေဒဏ်ပေးခံရခါနီး ညတစ်ညမှာပဲ သူပိတ်မိနေတဲ့ အကျဉ်းထောင်အခန်းထဲကနေ ဘာသဲလွန်စမှ မထားခဲ့ဘဲ ထူးဆန်းစွာ အစပျောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီထူးဆန်းလှတဲ့ ထောင်ဖောက်မှုကြီးက ထောင်အာဏာပိုင်တွေကို အကြီးအကျယ် ခေါင်းစားသွားစေခဲ့ပြီး ဒီဆန်းကြယ်မှုကို စုံစမ်းဖို့အတွက် ပုဂ္ဂလိက စုံထောက်နှစ်ယောက်ဖြစ်တဲ့ ချိုင်တန်ညာ (Chaitanya) နဲ့ မာဒေ့ဗ် (Madhav) တို့ကို ငှားရမ်းလိုက်ပါတော့တယ်။

 

စုံထောက်နှစ်ယောက်က ဒီအမှုကို နက်နက်ရှိုင်းရှိုင်း လိုက်လံစုံစမ်းရင်းနဲ့ မီဂွယ်ရေးသားခဲ့တဲ့ နေ့စဉ်မှတ်တမ်းစာအုပ် (Journal) တစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီစာအုပ်ထဲကနေတစ်ဆင့် သူတို့ဟာ မီဂွယ်နဲ့ ထူးဆန်းတဲ့ သိပ္ပံပညာရှင်ကြီး ပရော်ဖက်ဆာ ဆူဘရာမန်ညာရောင်း (Subramanya Rao) တို့ရဲ့ ဆက်စပ်မှုတွေ၊ လက်ခံယုံကြည်နိုင်စရာမရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှန်တရားတွေနဲ့အတူ အချိန်ခရီးသွားခြင်း (Time Travel)၊ Déjà vu စတဲ့ သဘာဝလွန် သိပ္ပံစမ်းသပ်ချက်တွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို တစ်စတစ်စ ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြရပါတော့တယ်။

 

ဆန်းကြယ်လှတဲ့ ဇာတ်ကွက်တွေ၊ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ မိခင်နဲ့သားကြားက သံယောဇဉ်အချစ်ကိုပါ Dark & Suspense Vibe အပြည့်နဲ့ ရင်တလှပ်လှပ် ကြည့်ရှုရမယ့် Sci-Fi Psychological Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

 

Aarambham (2024) မြန်မာစာတန်းထိုး
Original title ఆరంభం
IMDb Rating 6.7 511 votes
TMDb Rating 6.7 3 votes

Director

Ajay Nag
Director

Cast

Similar titles

The Highest Stakes (2026) မြန်မာစာတန်းထိုး
Squad 36 2025 မြန်မာစာတန်းထိုး
Colony (2026) မြန်မာစာတန်းထိုး
Backrooms (2026) မြန်မာစာတန်းထိုး
Thrash (2026) မြန်မာစာတန်းထိုး
The Passenger (2026) မြန်မာစာတန်းထိုး
Evil Dead Burn (2026) မြန်မာစာတန်းထိုး
The Mandalorian and Grogu (2026) မြန်မာစာတန်းထိုး
Land of Bad (2024) မြန်မာစာတန်းထိုး
Jigra (2024) မြန်မာစာတန်းထိုး
HIT: The Third Case (2025) မြန်မာစာတန်းထိုး
Vengeance (2026) မြန်မာစာတန်းထိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published

📲
MHPLUS App
ပိုမိုမြန်ဆန်စွာ အသုံးပြုရန် ဒေါင်းပါ
×