
ကျောင်းထဲမှာ မသိသင့်တဲ့အရာတွေ ရှိတယ်…
အဲ့ဒီအရာတွေကို စမ်းကြည့်မိတဲ့အချိန်— ပြန်လှည့်ဖို့ နောက်ကျသွားနိုင်တယ်။
➪➪➪➪➪➪➪➪➪➪➪➪➪➪
Haunted Universities 3 ဆိုတာ တက္ကသိုလ်ဝန်းထဲမှာ ဖြစ်ခဲ့တဲ့ ထူးဆန်းပြီး ကြောက်ဖို့ကောင်းတဲ့အကြောင်းအရာတွေ အထူးသဖြင့် ထိုင်းနိုင်ငံက ကျောင်းသူကျောင်းသားတွေရဲ့ သရဲတွေ မကျွတ်မလွတ်တွေနဲ့ ပတ်သက်တဲ့ အယူအဆတွေ ယုံတမ်းတွေကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာဆို သရဲတစ်ကောင်တည်းကို ကြောက်နေရမှာမျိုးမဟုတ်ဘဲ ကျောင်းဆောင်ထဲမှာ တစ်ချိန်လုံး ခြောက်လှန့်နေတဲ့ သရဲတွေ၊ညညဆို စာသင်ခန်းထဲ လျှောက်သွားနေတတ်တဲ့ သရဲတွေ အပြင် တောထဲက ပေါ်လိုက်၊ပျောက်လိုက်နဲ့ဖြစ်နေတဲ့ နတ်ကွန်းတစ်ခုကို မသိလိုက်ဘဲ စော်ကားမိလို့ ဆက်ဖြစ်လာမဲ့အကြောင်းအရာတွေနဲ့ ကြည့်ရှုသူတွေကို အခုထိအဖြေမရှိသေးတဲ့ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ကြောက်စရာအဖြစ်အပျက်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ပြထားတာမို့ အသည်းတထိတ်ထိတ်နဲ့ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 405 MB | 2 | 4 days | MHPLUS ADMIN | |
| HD 1080p | English | 405 MB | 6 | 4 days | MHPLUS ADMIN | |
| HD 1080p | English | 1 GB | 7 | 4 days | MHPLUS ADMIN |