
ရုပ်ရည်ကို မကြည့်ပါနဲ့ တစ်နေ့ အိုသွားမှာပါနှလုံးသားနဲ့ပဲ ချစ်ပါတဲ့
======================================
မီဂျောင်း (Ko A-Sung) ဟာ ငယ်စဉ်ကတည်းက ရုပ်ရည်နဲ့ပတ်သက်ပြီး လှောင်ပြောင်ခံခဲ့ရတာကြောင့်
လူသူကင်းဝေးတဲ့ အမှောင်ထုထဲမှာပဲ နေရတာနဲ့ အသားကျနေတဲ့ ကုန်တိုက်ဝန်ထမ်းမလေးပါ။
တစ်ဖက်မှာလည်း ဂယောင်းရို့ (Moon Sang-Min) ကတော့ သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်
သွားလေရာနေရာတိုင်းမှာ လူအများရဲ့ ဝိုင်းဝန်းချစ်ခင်ခြင်းကို ခံရသူဖြစ်ပေမဲ့ ငယ်စဉ်က အမေနဲ့ သူ့ကို
စွန့်ပစ်သွားတဲ့အဖေကြောင့် အချစ်အပေါ် ယုံကြည်မှု ကင်းမဲ့နေသူပါ။
ဂယောင်းရို့ဟာ တစ်ချိန်က အကသမားဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ခါးသီးတဲ့ လောကဓံအခြေအနေတွေကြောင့်
ကုန်တိုက်ကားပါကင်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ရာက အားလုံးရဲ့ ဖယ်ကြဉ်ခြင်းကို ခံနေရတဲ့ မီဂျောင်းနဲ့
ဆုံတွေ့ပြီး မီဂျောင်းအပေါ် စိတ်ဝင်စားမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။
ကုန်တိုက်က လုပ်ဖော်ကိုင်ဖက်ပဲဖြစ်တဲ့ ယိုဟန် (Byun Yo-Han) ရဲ့ ကြားဝင်ကူညီမှုတွေကြောင့် ဂယောင်းရို့နဲ့
မီဂျောင်းကြားမှာ သံယောဇဉ်တွေ တစ်စတစ်စ ကြီးထွားလာခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ
ဆက်တိုက် ဖြစ်ပျက်လာတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးမှာ အက်ကြောင်းစထင်လာတဲ့အခါမှာတော့…
ကံကြမ္မာရဲ့ ကျီစယ်မှုတွေကြားမှာ ဂယောင်းရို့နဲ့ မီဂျောင်းတို့ရဲ့ ဇာတ်သိမ်းလေးက လှပနိုင်ပါ့မလားဆိုတာကိုတော့
အခုပဲ ကြည့်လိုက်ကြတော့နော်။
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 289 MB | 9 | 6 days | MHPLUS ADMIN | |
| HD 1080p | English | 965 MB | 15 | 6 days | MHPLUS ADMIN | |
| SD 480p | English | 289 MB | 10 | 6 days | MHPLUS ADMIN | |
| HD 1080p | English | 965 MB | 15 | 6 days | MHPLUS ADMIN |