


ချန်အန်မြို့တော်ဆီသွားမယ့် ခရီးရှည်ကြီးမှာ လူတစ်ယောက်ကို အဖော်ပြုစောင့်ရှောက်ဖို့ လက်ခံလိုက်ရာကနေ အဲဒီလူက အင်ပါယာတစ်ခုလုံးရဲ့ အလိုရှိဆုံး ဝရမ်းပြေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ လောဘသားအုပ်စုပေါင်းစုံရဲ့ ကြားထဲ ရင်ဆိုင်ရမယ့် ၂၀၂၆ ခုနှစ်ထွက် သွေးဆူစရာ အက်ရှင်အန်နီမေးရှင်း ကားကောင်းကြီး!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
ဓားစာခေါင်းဆောင်တွေ၊ သိုင်းလောကသားတွေနဲ့ ရင်သပ်ရှုမောဖွယ် တိုက်ခိုက်ရေးကွက်တွေကို မြင်တွေ့ရမယ့် ၂၀၂၆ ခုနှစ်ထွက် Animation, Action, Adventure ရုပ်ရှင်ကားကြီး “Blades of the Guardians: Wind Rises in the Desert” ကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ဝေဘာစား စွမ်းအားကြီး ကြေးစားဓားပြား/ဆုငွေရှာဖွေသူတစ်ဦးဖြစ်တဲ့ တောက်မား (Dao Ma) ဟာ ချန်အန် (Chang’an) မြို့တော်ဆီကို ဦးတည်သွားမယ့် ခရီးရှည်ကြီးမှာ လူတစ်ယောက်ကို လုံခြုံရေးယူ စောင့်ရှောက်ပေးဖို့ အလုပ်တစ်ခု လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ခရီးလမ်းမှာ သူစောင့်ရှောက်နေတဲ့သူဟာ အခြားသူမဟုတ်ဘဲ အင်ပါယာတစ်ခုလုံးက ဆုငွေအများဆုံးထုတ်ပြီး ဖမ်းဆီးဖို့ အလိုရှိနေတဲ့ နာမည်ကျော် ဝရမ်းပြေး ဇီရှီလန် (Zhi Shi Lang) ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။
ဒီလိုနဲ့ ဆုငွေကို မက်မောပြီး လိုက်လံသတ်ဖြတ်မယ့် လောဘသား ဂိုဏ်းဂဏအုပ်စုပေါင်းစုံဟာ သူတို့နှစ်ယောက်နောက်ကို အသေသတ်ဖို့ လိုက်လံအမဲလိုက်ကြတဲ့အခါမှာတော့…။
ကန္တာရလေပြင်းတွေကြားထဲမှာ ဓားချက်အလန်းစားတွေ၊ သိုင်းကွက်အမိုက်စားတွေနဲ့ ရန်သူပေါင်းစုံကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာ ဇာတ်ရှိန်အပြည့်နဲ့ ရင်တမမ စောင့်ကြည့်ရမယ့် တရုတ်သိုင်း Animation ကားကောင်းတစ်ကား ဖြစ်ပါတယ်။
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 660 MB | 71 | 1 month | MHPLUS ADMIN | |
| HD 1080p | English | 1.44 GB | 82 | 1 month | MHPLUS ADMIN | |
| SD 480p | English | 660 MB | 93 | 1 month | MHPLUS ADMIN | |
| HD 1080p | English | 1.44 GB | 61 | 1 month | MHPLUS ADMIN |