

ချစ်ရတဲ့ ညီမလေးကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှုကို ကျော်လွှတ်ဖို့အတွက် ထိုင်းနိုင်ငံက ကြောက်မက်ဖွယ်ကောင်းတဲ့ ကွမ်းတောင် (Mount Kwan) တောင်ကို တက်ရောက်ခဲ့ကြတဲ့ မိန်းကလေး နှစ်ယောက်… လမ်းခုလတ်မှာ ကျောက်ပြိုကျလို့ ပေ (၄,၀၀၀) အမြင့်မှာ ပိတ်မိသွားတဲ့အခါ အသက်ရှင်ရပ်တည်ဖို့အတွက် သူတို့ရဲ့ အကြောက်တရားတွေကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
အစအဆုံး ရင်ဘတ်စည်တီး ရင်ခုန်သွားစေမယ့် အမိုက်စား ဆာဗိုင်းဗယ် (Survival) သည်းထိတ်ရင်ဖို ဇာတ်ကားသစ်ဖြစ်တဲ့ “Fall 2” ရဲ့ ဇာတ်လမ်းအကျဉ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ချစ်ရတဲ့ ညီမလေး ရှိုင်းလော့ (Shiloh) ရဲ့ ရုတ်တရက် သေဆုံးမှုကြောင့် နက်ရှိုင်းတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ရင်ဆိုင်နေရတဲ့ ဂျက်စ် ဟန်တာ (Jax Hunter) ဟာ ညီမလေးရဲ့ ရဲရင့်တဲ့ သူငယ်ချင်းဖြစ်သူ လူ့ (Luce) နဲ့အတူ အတိတ်က အနာတရတွေကို ကုစားဖို့အတွက် ထိုင်းနိုင်ငံက အန္တရာယ်များတဲ့ ကွမ်းတောင် (Mount Kwan) ကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ တောင်တက်ခရီးစဉ်ဟာ ထင်မှတ်ထားတာထက် ပိုဆိုးသွားခဲ့ပါတယ်။ မမျှော်လင့်ဘဲ ကျောက်ပြိုကျမှုကြီး ဖြစ်ပွားခဲ့တဲ့အတွက် မြေပြင်ကနေ ပေ (၄,၀၀၀) အထက် ကောင်းကင်ယံ ကျဉ်းမြောင်းလှတဲ့ သစ်သားပြားပေါ်မှာ နှစ်ယောက်သား ပိတ်မိသွားခဲ့ပါတော့တယ်။ အကူအညီကလည်း ကင်းမဲ့၊ ရိက္ခာကလည်း နည်းပါးနေချိန်မှာ ဂျက်စ် တစ်ယောက် သူမရဲ့ အဆိုးရွားဆုံး အကြောက်တရားတွေကို ကျော်လွှတ်ပြီး ဒီအကျပ်အတည်းကနေ ဘယ်လို ရုန်းထွက်လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို အသက်ရှူရပ်မတတ် ရင်ခုန်စွာနဲ့ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်… 🧗♀️⛰️⚠️
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| SD 480p | English | 573 MB | 38 | 4 weeks | MHPLUS ADMIN | |
| HD 1080p | English | 863 MB | 140 | 4 weeks | MHPLUS ADMIN | |
| SD 480p | English | 573 MB | 71 | 4 weeks | MHPLUS ADMIN | |
| HD 1080p | English | 863 MB | 211 | 4 weeks | MHPLUS ADMIN |