

အလည်အပတ်ခရီးစဉ်မှာ ကြုံခဲ့ရတဲ့ မတော်တဆမှုတစ်ခုပြီးနောက် အနမ်းပေးလိုက်ရုံနဲ့ လူတွေရဲ့ သေဆုံးမယ့်အရေးကို ကြိုမြင်လာရတဲ့ မိန်းကလေးတစ်ဦး… သူငယ်ချင်းတွေကို အချိန်မီ ကယ်တင်နိုင်မလားဆိုတာ ရင်ခုန်စွာ ရှုစားရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
ရင်တထိတ်ထိတ်နဲ့ အစအဆုံး စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်ဖြစ်တဲ့ “The Last Kiss” ရဲ့ ဇာတ်လမ်းအကျဉ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ အတန်းလိုက် သွားရောက်ခဲ့ကြတဲ့ ကျောင်းခရီးစဉ်တစ်ခုမှာ ဝမ်းနည်းစရာ မတော်တဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အဲဒါကတော့ သူတစ်ပါးကို အနမ်းပေးလိုက်ရုံနဲ့ အဲဒီလူတွေ ဘယ်လို သေဆုံးသွားလိမ့်မယ်ဆိုတာကို ကြိုတင်မြင်နိုင်စွမ်း ရရှိသွားတာပါပဲ။
အဲဒီနောက်မှာတော့ အဲဒီဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး သူမရဲ့ အတန်းဖော် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ကြုံတွေ့ရမယ့် အန္တရာယ်ဆိုးကြီးကနေ အချိန်မီ တားဆီးကယ်တင်နိုင်ဖို့ နာရီလက်တံတွေနဲ့ အပြိုင် အပြင်းအထန် ရုန်းကန်ရမယ့် ခရီးလမ်းကို ရင်ခုန်စွာနဲ့ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်… 💋⏳⚠️
| Options | Quality | Language | Size | Clicks | Added | User |
|---|---|---|---|---|---|---|
| HD 720p | English | 1.02 GB | 17 | 2 weeks | MHPLUS ADMIN | |
| HD 1080p | English | 2.17 GB | 19 | 2 weeks | MHPLUS ADMIN | |
| HD 720p | English | 1.02 GB | 14 | 2 weeks | MHPLUS ADMIN | |
| HD 1080p | English | 2.17 GB | 18 | 2 weeks | MHPLUS ADMIN |