What's happening?

My Zombabe (2024) မြန်မာစာတန်းထိုး

My Zombabe (2024) မြန်မာစာတန်းထိုး

Jan. 10, 2024PH105 Min.NR
Your rating: 0
7 1 vote

Synopsis

ကမ္ဘာပျက် ဇွန်ဘီကပ်ဘေးကြီးထဲမှာ အထီးကျန် ကမ်းခြေအပန်းဖြေစခန်း ဝန်ထမ်းကောင်လေးနဲ့ တဖြည်းဖြည်း ဇွန်ဘီအဖြစ် ပြောင်းလဲနေတဲ့ မိန်းမလှလေးတို့ကြားက ထူးထူးဆန်းဆန်း ပေါက်ကွဲထွက်လာမယ့် အသည်းယားစရာ ရိုမန်းတစ် ဟာသ ဟော်ရာကားကောင်းကြီး!

 

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

 

၂၀၂၄ ခုနှစ်ထွက် Netflix ရဲ့ နာမည်ကျော် ဖိလစ်ပိုင် “Rom-Zom-Com” ရုပ်ရှင်ကားကြီး “My Zombabe” ကို တင်ဆက်ပေးလိုက်ပါတယ်။

 

ဇာတ်လမ်းထဲမှာတော့ ဖိလစ်ပိုင်ရဲ့ ဝေးလံခေါင်သီတဲ့ ကမ်းခြေကျေးရွာလေးတစ်ခုမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်ပိုးတစ်ခုကြောင့် တစ်ရွာလုံး ဇွန်ဘီကပ်ဘေးနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ ပေါင် (Pong) ဟာ အဲဒီကမ်းခြေ အပန်းဖြေစခန်းလေးတစ်ခုမှာ သူ့ရဲ့ညီဖြစ်သူနဲ့အတူ အလုပ်လုပ်ရင်း ဇွန်ဘီတွေကြားထဲမှာ အသက်ရှင်ကျန်ရစ်သူတစ်ယောက်အဖြစ် ခက်ခက်ခဲခဲ ရုန်းကန်နေရသူပါ။

 

ဒီလိုနဲ့ ကမ္ဘာပျက်နေတဲ့ ကမောက်ကမ ကာလကြီးထဲမှာ ပေါင်တစ်ယောက် ရပ်စမင် (Yasmin) ဆိုတဲ့ အရမ်းလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ မတော်တဆ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ရပ်စမင်ဟာ သာမန်လူမဟုတ်ဘဲ ဇွန်ဘီအကိုက်ခံထားရပြီး တဖြည်းဖြည်းနဲ့ သွေးဆာတတ်တဲ့ ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲဖို့ အစပျိုးနေတဲ့သူ ဖြစ်နေတာပါပဲ။ ပေါင်ဟာ သူမကို ပစ်မသွားရက်ဘဲ တခြားရွာသားတွေ မသိအောင် ဖုံးကွယ်ပေးထားရင်း… ဇွန်ဘီဖြစ်ခါနီး မိန်းကလေးနဲ့ လူသားကောင်လေးတို့ကြားက မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် စတင်လာပါတော့တယ်။

 

ဇွန်ဘီကားဆိုပေမဲ့ ခြောက်လှန့်တာထက် ဖိလစ်ပိုင်စတိုင် ထိမိပက်မိတဲ့ ဟာသအလွဲတွေ၊ အကကွက်တွေနဲ့အတူ အသည်းယားစရာ အချစ်ဇာတ်လမ်း Vibe ကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေ ခံစားကြည့်ရှုရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။

 

My Zombabe (2024) မြန်မာစာတန်းထိုး
My Zombabe (2024) မြန်မာစာတန်းထိုး
Original title My Zombabe
IMDb Rating 5 99 votes
TMDb Rating 8 1 votes

Director

Cast

Similar titles

The Myth of Maracuda (2025) မြန်မာစာတန်းထိုး
GOAT (2026) မြန်မာစာတန်းထိုး
Charlie the Wonderdog (2025) မြန်မာစာတန်းထိုး
The Sheep Detectives (2026) မြန်မာစာတန်းထိုး
Socias Por Accidente (2026) မြန်မာစာတန်းထိုး
The Invite (2026) မြန်မာစာတန်းထိုး
Despicable Me 4 (2024) မြန်မာစာတန်းထိုး
A Quiet Place: Day One (2024) မြန်မာစာတန်းထိုး
Madgaon Express (2024) မြန်မာစာတန်းထိုး
People We Meet on Vacation (2026) မြန်မာစာတန်းထိုး
Hoppers (2026) မြန်မာစာတန်းထိုး
Animal Farm (2026) မြန်မာစာတန်းထိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published

📲
MHPLUS App
ပိုမိုမြန်ဆန်စွာ အသုံးပြုရန် ဒေါင်းပါ
×